Computer Programming လေ့လာမယ်ဆို programming language တွေကိုမလေ့လာနဲ့

March 03, 2025

Programming လေ့လာမယ်ဆို python က beginner တွေအတွက်ကောင်းတယ်။
JavaScript က beginner တွေအတွက်ကောင်းတယ်။ HTML/CSS လေ့လာ။
flutter ကိုတန်းပြီးလေ့လာလို့လည်းရတယ် အဲ့လိုတွေပြောနေကြတာကြားဖူးမှာပါ။

အဲ့လိုတွေကိုလိုက်မယောင်နဲ့။ Programming ကိုလေ့လာချင်ရင် အရင်လုပ်ရမှာက computer ဆိုတာဘာလဲ?
computer မှာဘာတွေပါတာလဲ? ဘယ်လိုအလုပ်လုပ်လဲ? စတာတွေကို အရင်နားလည်အောင်လုပ်ရမယ်။

အဲ့ဒါတွေကို နည်းနည်းလောက်နားလည်ပြီးရင် တစ်ခြား computer program တွေကိုသုံးကြည့်ရမယ်။
Notepad, Microsoft Office, Games, Website တွေကိုသုံးကြည့်ရမယ်။
အဲ့လိုသုံးကြည့်ပြီးတဲ့အခါ ကိုယ့်ရဲ့စိတ်က Program ကိုအသုံးချတာထက် program ကဘယ်လိုအလုပ်လုပ်လဲကို ပိုပြီးစိတ်ဝင်စားတယ်ဆိုမှ computer programming ကိုလေ့လာဖို့ စိတ်ကူးပါ။

computer programming ကိုမလေ့လာခင် အရင်ဆုံး digital စနစ် ဆိုတာဘာအရင်နားလည်ရမယ်။
နောက်ပြီးရင် သင်္ချာအခြေခံ ကိုကောင်းကောင်းသိရမယ်။

Computer Programming တစ်ခုတည်းကိုပဲ တက်အောင်သင်မယ်၊ ကိုယ့်နယ်ပယ်အလိုက် mobile app, web, backend, frontend စသဖြင့် အလုပ်ဝင်လုပ်မယ်။
အဲ့လောက်ပဲစိတ်ကူးထားရင်တော့ ရေရှည်မှာအဆင်ပြေမှာမဟုတ်ပါဘူး။
နောက်ပိုင်းကျရင် ဖန်တီးနိုင်စွမ်းတွေ နည်းလာပြီး ပျော်တော့မှာမဟုတ်တော့ပါဘူး။

ကမ္ဘာကြီးရဲ့ သဘောတရားက ငယ်ရွယ်တဲ့သူတွေက အလုပ်ပိုလုပ်နိုင်တယ်။
ဒါကြောင့် အလုပ်များများလုပ်ရတဲ့ အောက်ခြေအလုပ်တွေကို ငယ်တဲ့သူတွေလုပ်ရတယ်။
အဲ့ကနေ အသက်အရွယ်ရလာရင် ကိုယ့်ထက်ငယ်တဲ့သူကို ပြန်ပြီး စီမံပေးရတယ်။
အဲ့လိုအဆင့်ဆင့် တက်လှမ်းသွားရတာဖြစ်ပါတယ်။
ငယ်တုန်း code တွေအများကြီးရေး၊ ကြီးလာတော့လည်း code တွေအများကြီးရေး။
code ရေးရတာပျော်လို့ အဲ့လိုထင်နေရင် မှားပါတယ်။

ဒါကြောင့် programming တွေကိုလေ့လာ၊ ပြီးရင် Software Development ပိုင်းမှာ Manage လုပ်လို့ရနိုင်တဲ့ထိတက်လှမ်း။
အဲ့လိုပဲဖြစ်သင့်ပါတယ်။
အဲ့လိုဖြစ်ဖို့အတွက် programming language ကိုဦးစားပေးတာထက် computer system ကိုပါ တဖြည်းဖြည်းချင်းအားလုံးသိအောင်လေ့လာသွားရပါမယ်။

Computer programming နဲ့တွဲပြီး မဖြစ်မနေ လေ့လာရမှာတွေကတော့

  • Database
  • Computer Storage
  • Memory Organization
  • System Software
  • Network Technology

စတာတွေပဲဖြစ်တယ်။


Profile picture

Written by Yannainglin who lives and works in Mawlamyine building nothing. Facebook Profile

© 2025, Yan Naing Lin